gg

Monday, July 20, 2009

ပြည်တွင်း သတင်းတို

၁၉ ရက်ည ၁၂နာရီလောက်က ဆရာစံလမ်းက 24 hour markမှာ လူနှစ်ယောက် ရန်ဖြစ်ကြပါတယ်။ နှစ်ယောက်လုံး မူးနေပါတယ်။ တစ်ယောက်က ပြောက်ကြားစစ်ဝမ်းဆက်နဲ့ပါ။ စကားများနေရင်း ပြောက်ကြားစစ်ဝမ်းဆက်နဲ့ လူက ဘောင်းဘီအိတ်ထဲမှ သေနတ်တစ်လက်ဆွဲထုတ်လိုက်ပြီး ကျန်တစ်ယောက်ရဲ့ နဖူးကို တေ့လိုက်ပါတယ်။နဖူးကို ချိန်ထားပြီး "ငါ့နာမည် ဗိုလ်ကြီးလှဌေးလှိုင် လို့ခေါ်တယ်၊ ငါမနေ့ကမှရှေ့တန်းက ပြန်ရောက်တာ ၊ မင်းလိုကောင်ကို ပစ်သတ်လိုက်လို့ ငါဘာမှမဖြစ်သွားကွ"ဆိုပြီး ကြိမ်းမောင်းနေပါတယ်။ အဲဒီအချိန်မှာ ဆိုင်ရှေ့ကားပေါ်က သူ့တပည့်တစ်ယောက်ဆင်းလာပြီး ခေါင်းကိုဝင်ရိုက်လိုက်ပါတယ်။ ကားပေါ်က မိန်းမတစ်ယောက် ထပ်ဆင်းလာပြီး ပြောက်ကြားစစ်ဝမ်းဆက်နဲ့လူကို အတင်းဆွဲခေါ်သွားပါတယ်။ မဆွဲရင် ပစ်တော့မယ့်ပုံပါ။
----------------------
Mark II 92Model အဖြူရောင် ၇က/၂၈၈၇ စီးတဲ့ ဗိုလ်ကြီးလှဌေးလှိုင် ဆိုတဲ့လူကို ရှောင်ကြနော်။ မရှောင်ရင် နဖူးကို သေနတ်နဲ့ တေ့ခံရမယ်။

0 comments:

Post a Comment