

အာဇာနည်နေ့ ဒို့မမေ့
မယ်ဆရီယန်၊၊ Freedom News Group
ရန်ကုန် အာဇာနည်နေ့ အခမ်းအနား အတွက် လမ်းများပိတ်ဆို့ ထားသဖြင့် အများပြည်သူသွားလာရေး အဆင်မပြေဟု သိရသည်။ ထို ကဲ့သို့  မြေနီကုန်း လမ်းဆုံ မှ စတင်ပိတ်ထားသော လမ်းများမှာ ညနေ သုံးနာရီထိ ဖွင့်လှစ်ခြင်းမရှိ သေးဟု သိရသည်။
အခြားတက္ကသိုလ်ကျာင်းသား ၁၅ ယောက် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ
ဝင် လူငယ် အယောက် ၅၀ ကျော်တို့ ကို အာဇာနည် ကုန်း အနီး ၊လင့်လမ်း နှင့် ဦးထောင်ဗိုလ်
လမ်းတို့ တွင်ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိသည်။
၆၂ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား တွင် စစ်အစိုးရ ကိုယ်စား ရန်ကုန် မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း တက်ရောက်၍ လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအခမ်းအနားဖြင့် အလေးပြုခဲ့သည်။အာဇာနည် နေ့ အခမ်းအနားသို့ နိုင်ငံခြားသံတမန်များ စုံညီစွာတက် ရောက်ခဲ့ကြသည်။
အာဇာနည်နေ့ အခမ်းအနားသို့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များတက်ရောက်၍ ဂါရ၀ ပြုခြင်းမ
ရှိသည် မှာ ဆယ်နှစ်နှစ် နှစ်ခုနီးပါး ရှိသွားပြီဖြစ်သည်။
0 comments:
Post a Comment