Saturday, December 26, 2009
Sunday, December 20, 2009
Monday, October 26, 2009
မြန်မာ ရုပ်မြင်သံကြား
powder DVD KEY
TKEWB-ZNHAF-QV7J9-H88VP-M3VED-37N8U
ဒီနည်းကလေးတွေကတော့ အလွယ်သုံးနည်း လေးတွေပေါ့ဗျာ .. firefox ကို mouse မသုံးပဲ keyboard ကနေပြီးတော့ ပဲ လုပ်ကြည့်ရအောင် ..
မြန်မြန် ဆန်ဆန်ကလေး ပေါ့ ..သုံးရတာလည်း အဆင်ပြေပါတယ်...
* Ctrl+T ကတော့ tab တစ်ခု အသစ် ဖွင့်တာပါ ..
* Ctrl+N ကတော့ firefox မှာ new window ဖွင့်တာပါ ..
* Ctrl+F ကတော့ ဖွင့်နေတဲ့ စာမျက်နှာမှာ ကိုယ်ကြိုက်တာလေးရှာရအောင်ပါ ...
* Ctrl+D ကတော့ ဖွင့်နေတဲ့ စာမျက်နှာကလေးကို bookmark လုပ်တာပါ ..
* Ctrl + စာလုံး ကို ခပ်ကြီးကြီးမြင်ချင်ရင်ပေါ့ ..
* Ctrl - စာလုံးကို သေးသေးလေးတွေ ဖြစ်အောင်ပါ ..
* Spacebar ကတော့ စာမျက်နှာကို အောက်ကို သွားအောင်လိုပ်ပါတယ် ...
* Shift+Spacebar အဲဒီနှစ်ခုကို တွဲနှိပ်ရင်တော့ စာမျက်နှာကို အထက်ကို တက်ပါတယ် ....
* Ctrl+K search box ကို သွားတဲ့ အခါမှာ အသုံးပြုပါတယ် ...
* Ctrl+L ဒါကတော့ address bar ကို သွားတာပါ ....
* Ctrl+W ကတော့ tab ကလေးတွေကို တစ်ခု ချင်းစီ ပိတ်တာပါ ....
* F5 ဆိုရင်တော့ ကွန်ပျူတာမှာ refresh လုပ်သလိုပေါ့ ကိုယ်ဖွင့်ထားတဲ့ site ကလေးကို
reload လုပ်လိုက်တာပါ ..
* Alt+Home ဆိုရင်တော့ ကိုယ် home page လုပ်ထားတဲ့နေရာကလေးကို ရောက်သွားမှာပါ ...
ကဲ စမ်ပြီးတော့ သုံးကြည့်ပါဦးဗျာ ... နောက်ထပ်လည်း ရှိပါသေးတယ် .. နောက်မှတင်ပေးပါမယ်.. အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေ ....
အားလုံး shorcuts keys ကလေးတွေကို စိတ်ဝင်စားကြမှာပါ ... အခု က firefox မှာ ကျွန်တော်တို့အနေနဲ့ keyboard နဲ့ mouse ကို တွဲပြီးတော့ သုံးတဲ့ နည်းကလေးတွေပါ .. စမ်းပြီးတော့ သုံးကြည့်ကြရအောင်ပါ ..
* Ctrl-scroll up ဆိုရင် စာလုံးတွေကိုကြီးအောင်လုပ်တာပါ ..
* Ctrl-scroll down ဆိုရင်တော့ စာလုံးတွေကို သေးအောင်လုပ်တာပါ
* Shift-scroll down ဆိုရင်တော့ အရင် က ကိုယ့်သွားခဲ့တဲ့စာမျက်နှာကို ပြန်သွားတာပါ ..
* Shift-scroll up ဆိုရင်တော့ နောက်တစ်မျက်နှာ ကို သွားတာပါ ...
* Middle click on link ဆိုရင်တော့ အဲဒီလင့်ကို နောက် tab တစ်ခုမှာ ဖွင့်တာပါ ...
* Middle click on a tab ဆိုရင်တော့ ဖွင့်ထားတဲ့ tab ကလေးကို ပိတ်လိုက်တာပါ ...
Saturday, October 24, 2009
Update You Drivers For Windows
အခုကျနော်ရေးချင်တာက အဲဒီ Drivers တွေရဲ့ Update ကို အန္တရာယ်ကင်းစွာ လုပ်ဆောင်ပေးနိုင်မယ့် Software တစ်ခု ပေးချင်တာပါ။ တကယ်လို့ Drivers ကို ဘာမှန်းမသိခဲ့ရင် ဒီ Software က ဘာလုပ်မှန်းမသိမှာစိုးလို့ လျှာရှည်ပြီး ပြောပြတာပါ။ Drivers တွေကြောင့် ဘာဖြစ်နိုင်လဲ ဆိုတော့ အဆိုးဆုံး BSOD ပေါ်ပါတယ်။ (ကျနော့် သူငယ်ချင်းတစ်ယောက် စက်က Dark Edition တင်ပြီး သူ့ရဲ့ Motherboard Drivers run ပြီးတာနဲ့ BSOD ပေါ်ပြီး လုံးဝကို ၀င်းဒိုးမတက်တော့ပါဘူး) ။ အဲဒါအပြင်ကို အခြား error တွေလည်း အများကြီးပေါ့ဗျာ။ မိမိသုံးနေတဲ့ Motherborad က ထွက်ထားတာ ကြာပြီဆိုရင် သူ့မှာပါတဲ့ Drivers CD ကလည်း ကြာပြီပေါ့။ အဲဒါတွေကို up to date ဖြစ်စေမယ်ဆိုရင် မိမိစက်မှာ Drivers ကြောင့် error မဖြစ်နိုင်တော့သလို Hardware တွေရဲ့စွမ်းရည်ကိုလည်း ပိုမို ကောင်းမွန်စွာ အသုံးချနိုင်မှာပါ။ လေရှည် တာများသွား ပြီ အောက်မှာ ဒေါင်းလိုက်ပါဦးဗျာ ....

Download Mirror 1 : Mediafire (Uniblue DriverScanner 2009)
Download Mirror 2 : Zshare (UniblueDriver Scanner 2009)
ကျနော် rar နဲ့ ချုံ့ထားပေးပါတယ်။ ဇစ်ဖြည်ပြီး run လိုက်ပါ။ run လို့ပြီးတာနဲ့ drivers တွေကို scan စစစ်ပေးနေမှာ ဖြစ်ပါတယ်။ စစ်လို့ ပြီးရင် အောက်ပါအတိုင်း ဘယ်နှစ်ခုက date out နေပြီ ဆိုတာ ပြပါတယ်။ ဘယ်ဘက် အောက်နားမှာ Registry ဆိုတာ ရှိပါတယ်။ အဲဒါလေး နှိပ်ပြီး ကီးထည့်ပေးရမှာ ဖြစ်ပါတယ်။ Registry မလုပ်ရင် Scan ပဲ စစ်လို့ရပြီး Download လုပ်လို့ရမှာ မဟုတ်ပါဘူး။

Redistry ကို နှိပ်လိုက်တာနဲ့ အောက်ပါအတိုင်းပေါ်ပါတယ်။ အောက်မှာ ပေးထားတဲ့ ကီးကို ထည့်ပေးပြီး Activate now ဆိုတာကို နှိပ်ပေးလိုက်ပါ။ (ဒေါင်းလုပ် ဖိုင်ထဲမှာလည်း ကီးကို ထည့်ပေးထားပါတယ်)
DS-G06F8-3F0C3-74D32-06C90-60601-000G0

အောက်ပါအတိုင်း Activation အောင်မြင်ကြောင်းပြောပါလိမ့်မယ်။

ပြီးတာနဲ့ Download all ကို နှိပ်ပေးလိုက်ပါ။

သူ့ဘာသာ အားလုံးကို Auto ဒေါင်းသွားပါလိမ့်မယ်။

ဒေါင်းပြီးပြီ ဆိုရင် အောက်မှာ ပြထားသလို Install Driver ဆိုတာ ပေါ်လာပါတယ်။ အဲဒါလည်း နှိပ်ပေးရုံပါပဲ။ အဲဒီမှာ တစ်ခုရှိသေးတာက level တွေပါပဲ။ S ဆိုရင်တော့ Install အတွက် Save ဖြစ်ပါတယ်။ R ဆိုတာတော့ စွန်စားရမယ်ပေါ့။ ရချင်မှ ရမယ် error လည်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောပါ။ အဲဒီ R ပြနေတာကို Driver ကို Install နှိပ်ကြည့်လိုက်ပါ။

အောက်ပါအတိုင်းပဲ နောက်ခံအနီနဲ့ install လုပ်ခွင့်မပြုတဲ့အကြောင်း ပြောပါလိမ့်မယ်။

အခြား save ဖြစ်သော Driver များကို အလွယ်တကူ run ပေးရုံပါပဲ။ တစ်ခုကို run ပြီးတိုင်း restart တောင်းတဲ့ drivers တွေ ရှိပါလိမ့်မယ်။ Reboot later ကို သာပေးထားပြီး အားလုံးပြီးမှပဲ restart လုပ်ပေးလို့ရပါတယ်။



အားလုံးအဆင်ပြေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်။ ဒီကောင်လေးက အသုံးလည်း ၀င်တယ်၊ လွယ်လည်း လွယ်တဲ့ အပြင် save ဖြစ်လို့ တင်ပေးလိုက်တာပါ။ Drivers Update လုပ်ချင်သူများအတွက် အကောင်းဆုံး Software လေးပါပဲ။
ကျေးဇူးပါ .. Uniblue DriverScanner 2009 ...
Sunday, October 18, 2009
Scripts and CSS Codes များကို Blogger မှာ ဘယ်လို View နိုင်အောင်လုပ်နည်း
Scripts and CSS Codes များကို Blogger မှာ ဘယ်လို View နိုင်အောင်လုပ်နည်း

ဒီလို Code တွေကို ပြောတာပါ။
1) Blogger ထဲကို Sign In ၀င်ပါ။
2) Layout ထဲက Edit HTML ကို သွားပါ။
3) ပြီးရင် ]]> ကိုရှာပြီး သူရဲ့ အပေါ်မှာ အောက်က Code တွေကို ထည့်ပေးပါ။
.codeview {
margin : 15px 35px 15px 15px;
padding : 10px;
clear : both;
list-style-type : none;
background : #f9f9f9;
border-top : 1px solid #eeeeee;
border-right : 2px solid #cccccc;
border-bottom : 2px solid #cccccc;
border-left : 1px solid #eeeeee;
}
.codeview li {
font-size : 13px;
line-height : 24px;
font-family : "Courier New", "MS Sans Serif", sans-serif, serif;
color : #333333;
font-weight : normal;
margin : 0;
padding : 0;
}
4) ပြီးရင် Save လိုက်ပါ။
5) ပြီးရင် Code တွေကို ထည့်ရေးနိုင်ပါပြီး။
6) Code တွေကို မထည့်ခင် ဒီ Web Site မှာ Code များကို အမြဲတန်းပြောင်းပေးပါ။
http://www.elliotswan.com/postable/

Codes တွေကိုဒီမှာထဲ့ရေးလိုက်ပါ
Add Icon Picture Image Before/After Blogger Post Title
Add Icon Picture Image Before/After Blogger Post Title

1) Blogger ထဲကို Sign In ၀င်ပါ။
2) Layout ထဲကို Edit HTML ကိုသွားပြီး Expand Widget Templates ကို Mark ခဲ့ပါ။
3) ပြီး ရင် အောက်မှာ ပေးထားတဲ့ Code လေးကိုရှာပါ။
4) ပြီးရင် အပေါ်က Code တွေရဲ့အောက်မှာ အောက်က Code ထည့်ပေးလိုက်ပါ။

5) ပြီးရင် အောက် ကဟာကို သေသေချာချာ ဆက်ဖတ်ပါ။
ဒီအောက်မှာထည့်ရင် ဘယ်ဘက်ကိုရောက်မယ်
ဒီအောက်မှာထည့်ရင် အောက်ကိုရောက်မယ်
6) အပေါ်ကအဆင့် တွေကို သေသေချာချာ လုပ်ပြီ: Save လိုက်ပါ။
Save Blogger Post As PDF လုပ်နည်း

1) Blogger ထဲကို Sign In ၀င်ပါ။
3) ပြီး ရင် အောက်မှာ ပေးထားတဲ့ Code လေးကိုရှာပါ။
4) အပေါ်က Code ကို ရှာပြီးပြီးဆိုရင် သူ့ ရဲ့အောက်မှာ အောက်က Code ထားလိုက်ပါ။
5) Read More ကို ထည့်ထားရင်တော့ ပထမဦးဆုံးပေးထားတဲ့ Code နှစ်ခုရှိလိမ့်မယ်။
နှစ်ခုထဲ ဒုတိရ တခု ရဲ့ အောက်မှာ ထည့်ပေးလိုက်ပါ။
Header ကိုဖြတ်ထားချင်း
2) Layout ထဲက Edit HTML ကိုသွားပါ။
3) ပြီးရင် /* Header ကိုရှာပြီး သူရဲ့အပေါ်မှာ အောက်က Code ထည့်လိုက်ပါ။
#header { display:none !important;}
4) ပြီးရင် Save လိုက်ပါ။
Blogger မှာ BackGround Music ထည့်ချင်း
Blogger မှာ BackGround Music ထည့်ချင်း
1) Blogger ထဲကို ၀င်ပါ။2) Layout ထဲ က Edit HTML ကိုသွားပါ။
3) (body) ကိုရှာပြီး သူ့ရဲ့ ဘေးနားမှာ အောက်က Code ထည့်လိုက်ပါ။
4) ပြီးရင် Save လိုက်ပါ။
သူများတွေ ကိုယ့်ရဲ့ Site ကိုလာတဲ့ အခါ သီချင်းသံ ဘဲကြားရလိမ့်မယ်
ဘာ Music Player မှာ တွေ့မှာ မဟုတ်ဘူး
M arquee Effect For Blogger လုပ်နည်း။
ကျွန်တော်ပေးထားပါတယ်။ အစတုန်းက ကျွန်တော် တင်ပေးထားပါတယ်။
ဒါပေမဲ့ ဒီတခါကြတော့အသစ်လေးပါ။
နည်းလမ်း 1
1) Blogger ထဲ ကို Sign In ၀င်ပါ။
2) ပြီးရင် Lay Out ကိုသွား ပါ။
3) Lay Out ထဲက Add a Gadget ကို နှိပ်ပါ။
4) HTML/JavaScript ကိုနှိပ်ပြီး အောက်မှာ တင်ထားပေးတဲ့ Code ကိုကူးလိုက်ပါ။
5) ပြီးရင် Save လိုက်ပါ။
http://www.websmileys.com/sm/happy/050.gif နေရာမှာကြတော့
ကိုယ်ကြိုက်တဲ့ Image URL ကိုရေးပေးလိုက်ပါ။
.......................................................
အပေါ်ကလိုဘဲ Marquee Effect လေးပါ။လိုချင်ရင်တော့ အောက်မှာ
ကျွန်တော်ပေးထားပါတယ်။ အစတုန်းက ကျွန်တော် တင်ပေးထားပါတယ်။
ဒါပေမဲ့ ဒီတခါကြတော့အသစ်လေးပါ။
နည်းလမ်း 2
1) Blogger ထဲ ကို Sign In ၀င်ပါ။
2) ပြီးရင် Lay Out ကိုသွား ပါ။
3) Lay Out ထဲက Add a Gadget ကို နှိပ်ပါ။
4) HTML/JavaScript ကိုနှိပ်ပြီး အောက်မှာ တင်ထားပေးတဲ့ Code ကိုကူးလိုက်ပါ။

ဥပမာ
5) ပြီးရင် Save လိုက်ပါ။
ဥပမာ နဲ့ http://www.websmileys.com/sm/happy/050.gif ဆိုတဲ့နေရာ
မှာ ကိုကြိုက်တဲ့ Image URL နဲ့ စာကို ရေးလိုကပါ။
P ortable PC Talker

ကျွန်တော်လုပ်ထားတဲ့ PC Talker လေးပါ။
ကိုလိုချင်တဲ့စာကို ရေးပြီး Enter တာနဲ့သူအသံထွက်ပေးပါလိမ့်မယ်။
လိုအပ်လိုက်မယ်ထင် လို့တင်လိုက်ပါတယ် ယူဖြစ်အောင်ယူထားလိုက်ပါ။
Download PC Talker



မြန်မာလိုမပေါ်ရင်-
မြန်မာလိုပေါ်စေချင်ရင်တော့ Desktop ပေါ်မှာ Right Click နှိပ်ပြီး
Theme Option ထဲက Fonts တွေမှန်သမျှကို Zawgyi-One အဖြစ်ပြေင်းလိုက်ရင်ရပါပြီး
Free Animated Banners Maker and Flash Animation
VCDCutter dvd

ကဲ VCD Movies File တွေကို ဖြတ် ညှက် ကပ် ရအောင် တင်ပေးလိုက်ပါတယ်။
VCD Cutter လေးပါ။ တော်တော်လဲကောင်းပါတယ်
Download VCD Cutter
DVD Cutter
ကဲ DVD Movies File တွေကို ဖြတ် ညှက် ကပ် ရအောင် တင်ပေးလိုက်ပါတယ်။DVD Cutter လေးပါ။ တော်တော်လဲကောင်းပါတယ်
Download DVD Cutter
Youtube Video တွေကို Mp3 သို့ပြောင်းချင်း

ဒီကိုသွားပြီး လုပ်နှိင်ပါတယ်။
http://www.downloadconvertvideo.com/youtube/
ပြီးရင် Youtube URL ကိုထည့်ပြီး ပြောင်းလိုက်ပါ။
အားလုံးပြီးသွားရင် Download Link ကျလာရင် ယူလိုက်ယုံပါဘဲ။
အောက်မှာ အပုံနဲ့ရှင်းပြထားတယ်



Audio Cutter

Audio Cutter လေးပါ Mp3 တွေကို ဖြတ်ညှက်ကပ် နိုင်ပါတယ်။
Phone အတွက် Ring Tone လုပ်ရင်လည်းရနိုင်ပါတယ်။
ပြီးရင် File တွေကိုလည်းပြန်ပြောင်းနိုင်ပါတယ်။
လိုချင်ရင်တော့ ယူထားလိုက်ပါ။
Download Audio Cutter
Mp3 File ပေါ်တွင် ဓါတ်ပုံထည့်နည်း
Mp3 File ပေါ်တွင် ဓါတ်ပုံထည့်နည်း
Mp3 File ပေါ်တွင် ဓါတ်ပုံထည့်နည်းလေးပါတင်ပေးလိုက်တယ်။Album Art လို့ခေါ်ပါတယ်။

1) လိုချင်တဲ့သီချင်းပေါ်မှာ Right Click နှိပ်ပြီး Play လိုက်ပါ။ ဒါမှမဟုတ် ရင် Double Click လိုက်ပါ။

2) ပြီးရင် Library ကိုသွားပြီး ညာဘက်ထောင့်က Now Playing ကိုသွားပါ။
ပြီးရင် အဲ့ဒီသီချင်းပေါ်မှာ Right Click နှိပ်ပြီး Advanced Tag Editor ကိုသွားပါ။
သေသေချာချာမြင်ရအောင်အပုံကို Click လိုက်ပါ။

3) ပြီးရင် Pictures ကိုသွားပြီး Add... ကိုနှိပ်ပါ။
ပြီးရင် ကိုလိုချင်တဲ့ ဓါတ်ပုံကိုရွေးပြီး Open လိုက်ပါ။

4) ထည့်လို့ပြီး Picture Type မှာ Artist လို့ထားလိုက်ပါ။
5) ကဲအားလုံးပြီးသွားရင် တော့ Ok နဲ့ Apply ကိုသာနှိပ်ပြီး 5 , 6 စက္ကန့်သာစောင့်လိုက်ရင် သူပြောင်းသွားပါလိမ့်မယ်။အောက်ကပုံလိုဖြစ်သွားလိမ့်မယ်။
website စာဖျက်နည်း
ပြောချင်တာက လိုချင်တဲ့ Website တခုကိုသွားလိုက်ပါ။
ပြီးရင် Address Bar မှာ အောက်မှာပေးထားတဲ့ Code ထည့်လိုက်ပြီး Enter ခေါက်လိုက်ရင်
အဲ့ဒီ Website မှာရှိတဲ့ စာတွေ ဓါတ်ပုံတွေကို ဖြတ်ချင်တာဖြတ်လို့ရပြီး
javascript: document.body.contentEditable = 'true'; document.designMode = 'on'; void 0
မယုံရင်စမ်းကြည့်နော်
Windows XP Shortcut များ
ကျွန်တော့မှာတော့ XP မရှိဘူး Vista ဘဲသုံးနေတာပါ။ဒါပေမဲ့ XP သမားတွေအတွက် လိုအပ်လိမ့်မယ်လေ။
ဒါကြောင့်မို့လို့ ယူထားလိုက်ပါ။
ALT+- (ALT+hyphen) Displays the Multiple Document Interface (MDI) child window's System menu
ALT+ENTER View properties for the selected item
ALT+ESC Cycle through items in the order they were opened
ALT+F4 Close the active item, or quit the active program
ALT+SPACEBAR Display the System menu for the active window
ALT+TAB Switch between open items
ALT+Underlined letter Display the corresponding menu
BACKSPACE View the folder one level up in My Computer or Windows Explorer
CTRL+A Select all
CTRL+B Bold
CTRL+C Copy
CTRL+I Italics
CTRL+O Open an item
CTRL+U Underline
CTRL+V Paste
CTRL+X Cut
CTRL+Z Undo
CTRL+F4 Close the active document
CTRL while dragging Copy selected item
CTRL+SHIFT while dragging Create shortcut to selected iteM
CTRL+RIGHT ARROW Move the insertion point to the beginning of the next word
CTRL+LEFT ARROW Move the insertion point to the beginning of the previous word
CTRL+DOWN ARROW Move the insertion point to the beginning of the next paragraph
CTRL+UP ARROW Move the insertion point to the beginning of the previous paragraph
SHIFT+DELETE Delete selected item permanently without placing the item in the Recycle Bin
ESC Cancel the current task
F1 Displays Help
F2 Rename selected item
F3 Search for a file or folder
F4 Display the Address bar list in My Computer or Windows Explorer
F5 Refresh the active window
F6 Cycle through screen elements in a window or on the desktop
F10 Activate the menu bar in the active program
SHIFT+F10 Display the shortcut menu for the selected item
CTRL+ESC Display the Start menu
SHIFT+CTRL+ESC Launches Task Manager
SHIFT when you insert a CD Prevent the CD from automatically playing
WIN Display or hide the Start menu
WIN+BREAK Display the System Properties dialog box
WIN+D Minimizes all Windows and shows the Desktop
WIN+E Open Windows Explorer
WIN+F Search for a file or folder
WIN+F+CTRL Search for computers
WIN+L Locks the desktop
WIN+M Minimize or restore all windows
WIN+R Open the Run dialog box
WIN+TAB Switch between open items
မြန်မာနဲ့မပြန်ထာားတာကိုတော့ ခွင့်လွတ်ပါ။
မရးချင်လို့မဟုတ်ပါဘူး။ လိုအပ်မယ်မထင်လို့ပါ။
Run နဲ့သွားလို့ရတဲ့ Shortcut များ

Run Command အတွက် Shortcut လေးတွေနော် !
Quote:
compmgmt.msc - Computer management
devmgmt.msc - Device manager
diskmgmt.msc - Disk management
dfrg.msc - Disk defrag
eventvwr.msc - Event viewer
fsmgmt.msc - Shared folders
gpedit.msc - Group policies
lusrmgr.msc - Local users and groups
perfmon.msc - Performance monitor
rsop.msc - Resultant set of policies
secpol.msc - Local security settings
services.msc - Various Services
msconfig - System Configuration Utility
regedit - Registry Editor
msinfo32 _ System Information
sysedit _ System Edit
win.ini _ windows loading information(also system.ini)
winver _ Shows current version of windows
mailto: _ Opens default email client
command _ Opens command prompt
ကျွန်တော်သိထားတာတေ့ ဒါအကုန်ဘဲ။
Windows Explorer Shortcut များ

Shortcut တွေကို သိထားတော့ Mouse သုံးရတာသက်သာ
တာပေါ့နော်။ ဒါလေးတွေကိုလိုအပ်မယ်ထင်လို့တင်ပေးလိုက်ပါတယ်။
ALT+SPACEBAR - Display the current window’s system menu
SHIFT+F10 - Display the item's context menu
CTRL+ESC - Display the Start menu
ALT+TAB - Switch to the window you last used
ALT+F4 - Close the current window or quit
CTRL+A - Select all items
CTRL+X - Cut selected item(s)
CTRL+C - Copy selected item(s)
CTRL+V - Paste item(s)
CTRL+Z - Undo last action
CTRL+(+) - Automatically resize the columns in the right hand pane
TAB - Move forward through options
ALT+RIGHT ARROW - Move forward to a previous view
ALT+LEFT ARROW - Move backward to a previous view
SHIFT+DELETE - Delete an item immediately
BACKSPACE - View the folder one level up
ALT+ENTER - View an item’s properties
F10 - Activate the menu bar in programs
F6 - Switch between left and right panes
F5 - Refresh window contents
F3 - Display Find application
F2 - Rename selected item
CTRL+A - Select all items on the current page
CTRL+D - Add the current page to your Favorites
CTRL+E - Open the Search bar
CTRL+F - Find on this page
CTRL+H - Open the History bar
CTRL+I - Open the Favorites bar
CTRL+N - Open a new window
CTRL+O - Go to a new location
CTRL+P - Print the current page or active frame
CTRL+S - Save the current page
CTRL+W - Close current browser window
CTRL+ENTER - Adds the http://www. (url) .com
SHIFT+CLICK - Open link in new window
BACKSPACE - Go to the previous page
ALT+HOME - Go to your Home page
HOME - Move to the beginning of a document
TAB - Move forward through items on a page
END - Move to the end of a document
ESC - Stop downloading a page
F11 - Toggle full-screen view
F5 - Refresh the current page
F4 - Display list of typed addresses
F6 - Change Address bar and page focus
ALT+RIGHT ARROW - Go to the next page
SHIFT+CTRL+TAB - Move back between frames
SHIFT+F10 - Display a shortcut menu for a link
SHIFT+TAB - Move back through the items on a page
CTRL+TAB - Move forward between frames
CTRL+C - Copy selected items to the clipboard
CTRL+V - Insert contents of the clipboard
ENTER - Activate a selected link
HOME - Move to the beginning of a document
END - Move to the end of a document
F1 - Display Internet Explorer Help
မြန်မာလိုတော့မရေးတော့ဘူး။
Tuesday, October 13, 2009
html color code
| #FFFFFF | #FFFFCC | #FFFF99 | #FFFF66 | #FFFF33 | #FFFF00 |
| #FFCCFF | #FFCCCC | #FFCC99 | #FFCC66 | #FFCC33 | #FFCC00 |
| #FF99FF | #FF99CC | #FF9999 | #FF9966 | #FF9933 | #FF9900 |
| #FF66FF | #FF66CC | #FF6699 | #FF6666 | #FF6633 | #FF6600 |
| #FF33FF | #FF33CC | #FF3399 | #FF3366 | #FF3333 | #FF3300 |
| #FF00FF | #FF00CC | #FF0099 | #FF0066 | #FF0033 | #FF0000 |
Sunday, October 4, 2009
Sunday, September 6, 2009
Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်
Web Browser အများကြီးထဲကမှMozilla Firefox ကိုဘဲနှစ်သက်စွာသုံးဖြစ်ပါတယ်..ကျွန်တော်အမြဲကြည့်နေကျ
Website တွေဆို Bookmarks တွေ..
တချို့  website တွေဆို remember password လုပ်ထားတွေရှိတယ်..
အဲ့ဒီလို Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backup
လုပ်ထားရင် အဆင်ပြေတာပေါ့ဗျာ..အခန့်မသင့်လို့ Windows
ပြန်တင်ရရင်ပဲဖြစ်ဖြစ်
firefox ကို ပြန် Install လုပ်တာပဲဖြစ်ဖြစ် restore လုပ်လိုက်တာနဲ့
မိမိအရင်ကထားခဲ့တဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရနိုင်ပါတယ် ။
ကဲ Restore လုပ်ကြရအောင်…..
Run ထဲကနေ” %userprofile%\Application Data\Mozilla\Firefox\Profiles”ကို
ရိုက်လိုက်ပါ.. အဲ့ဒါဆိုရင် Firefox ရဲ့ Profile တွေအကုန်လုံးကိုမှတ်ထားတဲ့
ABCD.default ဆိုတဲ့ Folder ကိုတွေ့ပါမယ်.. (ABCD ဆိုတာ ကွန်ပျူတာရဲ့ Code ပါ..
တစ်လုံးနဲ့တစ်လုံး မတူနိုင်ပါဘူး) .. အဲဒီ Folder တစ်ခုလုံးကို save ထားလိုက်ပါ..
ဒါဆို ရပါပြီ.. နောင်တချိန်အကြောင်းကြောင်းကြောင့် firefox Restore ပြန်လုပ်ရင်
Run ထဲကနေ ခုနက Command ကိုပြန်ရိုက်ပြီး
Folder လိုက်ပြန်ကူးထည့်လိုက်ရင် မိမိအရင်ကထားခဲ့တဲ့
Firefox ရဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရပြီးအရင်မှတ်ထား
တဲ့အချက်အလက်တွေအတိုင်းပုံမှန်ပြန်သုံးနိုင်ပါပြီ
Bookmarks တွေပြန်မရှာရတော့ဘူးပေါ့ဗျာ
Saturday, September 5, 2009
sp3
ဆိုတာကအစ သူကတောင် ကျွန်တော်ထက်ကြိုသိနေတယ် နောက်ဆုံးထွက်မှန်သမျှကို သူစိတ်ဝင်စားတယ် ၀ယ်နိုင်တာဆိုရင် ၀ယ်စမ်းတယ်ဆိုပါတော့။တနေ့တော့ ကျွန်တော်ဆီကို အမောတကောရောက်လာတယ် သူ့စက်ကို WinXP SP3 တင်လိုက်ပြီးတော့ စက်က BSOD (Bluse Scree Of Death) ပဲတက်တက်နေတယ် Windows ကိုပြန်မရောက်ပဲ Reboot ဖြစ်ဖြစ်နေတယ်။ ထုံးစံအတိုင်းပေါ့ ပြောပါ ကူပါဆိုတာနဲ့ စက်ကို F8 နဲ့တက် safe mode နဲ့ဝင်လိုက်တယ်။
1 Start --- Run --- Type Regedit လို့ရိုက်။ (open registry editor)
2 HEKY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\intelppm သွားပါ။
3 ညာဘက်ခြမ်းမှာ START ကိုတွေရင် Double Click နှိပ်ဖွင့်ပါ။
4 တန်ဖိုးကို 4 ပြောင်းပေးပါ။ အိုကေကိုရွေးပါ။
5. Registry Editor ကိုပိတ်ပါ။
6. Computer ကိုRestart လုပ်ခြင်းဖြင့် Windows XP ကို ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပြီး SP3 သွင်းခြင်း လုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်။
ရှင်းလင်းချက် - SP3 ကို install လုပ်ပြီးတဲ့အခါမှာ အထက်ပါပြဿနာဖြစ်တယ်ဆိုတာက System တိုင်းတော့ မဟုတ်ပါ။ SP3 ကိုထည့်သွင်းလိုက်တာနဲ့ System ထဲမှာရှိတဲ့ SysPrep ကို ပြင်ဆင်ရပါတယ်။SysPrep img ဟာ intel ကို based လုပ်ပါတယ်။ အခု Fix လုပ်ပေးတဲ့စက်က AMD Processor ဖြစ်နေတော့ System Registery entry ထဲက intelppm မှန်ကန်စွာ ပြောင်းလဲခြင်းမပြုလုပ်နိုင်တဲ့အခါမှာ အထက်ပါပြဿနာ ဖြစ်ရခြင်း ဖြစ်ပါတယ်။
Friday, September 4, 2009
Where Myanmar Nuclear
မြန်မာစစ်အစိုးရဲရဲ့ အနုမြူလုပ်နိုင်တဲ့အစွမ်းအစကို ဒေသတွင်းမှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေက ဘာလို့ မယုံကြည်ကြသလဲဆိုတာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ မြန်မာပြည်အပြင်ဖက်ကို ထွက်လာတဲ့ သတင်းဇတ်လမ်းတွေ စိစစ်အတည်ပြုနိုင်ဖို့ ဆိုတာဟာ ခက်ခဲလှပါတယ်။ စစ်အစိုးရက နိုင်ငံတကာ မီဒီယာတွေကို တားမြစ်ထားပါတယ်။ တပ်ပြေးတွေက တတိယနိုင်ငံမှာ သူတို့အခြေချနေထိုင်ခွင့်ရဖို့အရေး သူတို့ဘယ်လောက် အရေးပါတယ်ဆိုတာကို ချဲ့ကားပြောဆိုနေကြပြီး ပြည်ပရောက်မြန်မာ့နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း စစ်အစိုးရ မဟုတ်တယုတ်လုပ်နေတောတွေကို နိုင်ငံတကာမှာ မီးမောင်းထိုးပြဖို့ ဆက် လက် လိုအပ်နေပါတယ်။
စစ်အစိုးရကပဲ သူတို့ တကယ်လုပ်နေတာတွေကို ဖုံးကွယ် ဖို့ သတင်းမှားတွေ ထုတ်ပေးနေသလား ဆိုတာလည်း သူတို့ပဲသိမှာပါ။ မြန်မာပြည်ဟာဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ ကျေးလက်ဒေသတွေမှာရှိတဲ့ အပေါ်ထပ်အဆောက်အအုံ တွေဟာ မရှိတော့သလောက်ပဲ။ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် ၀င်ငွေရပေါက်ရလမ်းတွေကလည်း ပိတ်နေတယ်။
မကြာသေးခင်နှစ်တွေတုန်းက မြောက်ကိုရီးယန်း၊ ဆီးရီး ယန်းနဲ့ အီရန်တွေရဲ့ထုနဲ့ထည်နဲ့ဖျက်ဆီးနိုင်တဲ့ လက်နက် တွေ တည်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းတွေအပေါ်မှာ အမေရိကန် အစိုးရက စိုးရိမ်ပူပန်တဲ့အကြောင်း အသံပေး လာပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ပတ်သက်လို့တော့ အခုထိ အသံတိတ်နေတုန်းပါ။ မြန်မာပြည်ရဲ့ အနုမြူ ထုတ်လုပ်ရေး ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ သံသယတွေကတော့ အမြဲတန်း ရှိနေ မှာပါလို့ Griffith Asia တက္ကသိုလ် က သုတေသီ၊ ကာကွယ်ရေးဆိုင်ရာ သြစတြေးလီးယန်း အကဲခတ်တဦးဖြစ်တဲ့ Andrew Selth က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေမှာ ဒီသံသယတွေက ပိုတိုးလာတယ်။ ဒါပေမဲ့ ဒါတွေ တကယ်ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ သိပုံမပေါ်ပါဘူး။ မြန်မာ့အနုမြူထုတ်လုပ်မှုအဆင့်အတန်းနဲ့ပတ်သက်တဲ့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ယုံကြည်ရလောက်တဲ့ ကြေညာချက်တခုကို အိုဘားမားအစိုးရအဖွဲ့ကနေ ထုတ်ပြန်ပေးဖို့ကို နိုင်ငံအတော်များများက မဟာဗျူဟာ အကဲခတ်လေ့လာရေး သမားတွေက မျှော်လင့်နေကြပါတယ်”။
၂၀၀၇ခုနှစ်၊ မေလ၊ မြန်မာပြည်မှာ အနုမြူသုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါဟာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပါလို့ Rosatom လို့ခေါ်တဲ့ ရုရှအနုမြူစွမ်းအင် အေဂျင်စီက ပြောဆိုပါတယ်။ မြန်မာနိုင်ငံဟာ IAEA တာဝန်ယူမှုအောက်မှာ ရှိတဲ့ အနုမြူ မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အနုမြူ အဆောက်အအုံတွေကို စစ်ဆေးဖို့ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုထိတော့ ဒီလိုမလုပ်နိုင်သေးပါဘူး။
သံသယရှိနေကြတဲ့ ဒေသတွင်း လုံခြုံရေးအေးဂျင့်တွေနဲ့သံရုံးအတွင်းလူတွေက မြန်မာစစ်အစိုးရကို မယုံကြည်နိုင်ကြတော့ဘူး ဆိုတာကို ထုတ်ဖော်ပြောချင်နေကြတယ်။ အကြောင်းပြချက်တွေကလည်း ကောင်းတယ်။ မြန်မာပြည်ဟာ ကလေးစစ်သားတွေ၊ မြေမြှုပ်မိုင်း၊ အဓမ္မလုပ်အားစေခိုင်းတာ၊ အဓမ္မရွှေ့ပြောင်းတာ၊ နိုင်ငံရေး အတိုက်အခံတွေကိုဖိနှိပ်တာ၊ ရောဂါထိန်းချုပ်တာ၊ တရား မ၀င်မူးယစ်ဆေးဝါး၊ လူကုန်ကူးတာနဲ့ အဂတိလိုက်စားတာ စတဲ့ ကိစ္စတွေမှာ ကမ္ဘာ့အဆိုးဆုံးစာရင်းတွေရဲ့ ထိပ်ဆုံးနားကနေ လိုက်နေ တယ်။
Source:Renaissance
Thursday, September 3, 2009
Online Chatting အသုံးပြုရာမှတစ်ဆင့် လူမှုရေးပြဿနာပေါ်ပေါက်မှုများ ပိုမို
ပြဿနာများသည်အတွေ့အကြုံနုနယ်သောလူငယ်များသာမကအတွေ့အကြုံရှိထားပြီးဖြစ်သည့် လူလတ်ပိုင်း၊ လူကြီးပိုင်းများ ၌ပါကြုံတွေ့လာရခြင်းများရှိနေသည့်အတွက် Chatting အသုံး ပြုသူများအနေဖြင့်
မိမိတို့၏လုံခြုံရေးကို ပိုမိုဂရုစိုက်ရန်လိုအပ် လာကြောင်းသိရှိရပါသည်။
''Online Chatting ကနေ တစ် ဆင့် လူကုန်ကူးမှုအန္တရာယ် ဖြစ်နိုင်တယ်ဆိုတာကို သတိပေးနေကြပေ မယ့် တခြားလူမှုရေးပြဿနာတွေ ကြုံနိုင်တာကိုလည်းထည့်သွင်းစဉ်း စားထားရပါမယ်။ တခြားနိုင်ငံတွေ မှာ ဒီလိုပြဿနာတွေ
ရှိထားပြီးဖြစ် ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီနှစ်ပိုင်းတွေမှာChatting က တစ် ဆင့် ပေါ်ပေါက်လာတဲ့ လူမှုရေး ပြဿနာတွေ တော်တော်များလာတယ်ဆိုတာ သတိထားမိတယ်''ဟု မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲမှု အနေအထားကို
လေ့လာနေသည့် လေ့လာသူတစ်ဦးကပြောပြပါသည်။ ''Chattingကနေ တစ်ဆင့်လူမှုရေးပြဿနာတွေ ဖြစ်လာရာ ကနေ နောက်ဆုံးခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြုံလာရတဲ့အနေ အထားတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။
ဥပမာတစ်ခုအနေ နဲ့ပြောရရင် အင်တာနက်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်မသိဘဲခင်မင်သွားကြရာကနေ သမီးရည်း စားဖြစ်သွားပြီး လူချင်းတွေ့နယ်ကျွံ ကြပြီးမှတစ်ဖက်လူက အိမ်ထောင် ရှင်ဖြစ်နေတာမျိုးကို သိခဲ့ကြရတာ တွေရှိသလို
နှစ်ဦးသားခင်မင်နေကြ တုန်းက ကိုယ်ရေး၊ကိုယ်တာပြောဆို ထားတဲ့စကားတွေကိုနောက်ပိုင်း အဆင်မပြေတော့တဲ့ အချိန်ရောက် တော့မှ ပြောထားခဲ့ဖူးတဲ့ အတွင်းစကားတွေကို အများသိအောင် ဖြန့် လိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်အကျပ်
ကိုင်မှုတွေလည်း ရှိလာပါတယ်''ဟု အင်တာနက်သုံးစွဲမှုလေ့လာသူကဆက်လက်ပြောပြသည်။
ပေါ်ပေါက်လျက်ရှိသော လူမှု ရေးပြဿနာများထဲ၌ ရင်းနှီးထား စဉ်ကပြောဆိုထားခဲ့သော အတွင်း စကားများကို Record ယူထားပြီး မပြေလည်ချိန်တွင်အဆိုပါစကား များကိုအများသိရှိအောင် ဖြန့်ဖြူး မည်ဆိုသောခြိမ်းခြောက်မှုများဖြင့် ပြုလုပ်လာခဲ့သည့်အတွက် Chatting ပြောဆိုရာတွင်သတိထားရန် လို အပ်လာကြောင်းလည်းသိရသည်။
''လူ့စိတ်ဆိုတာတော့ဘယ်တော့မှ အစိုးမရတတ်ဘူး။ လူချင်း ခင်မင်ရင်းနှီးတဲ့သူတွေအချင်းချင်းတောင် ရံဖန်ရံခါမှာယုံကြည်ရတာမဟုတ်တဲ့ အတွက်အင်တာနက်ပေါ်မှာပဲ သိ ကျွမ်းခင်မင်ရင်းနှီးတဲ့သူတွေဆို ဘယ် လိုနေမလဲ။
အစစ်အမှန်တွေရှိသလို လိမ်ညာလှည့်ဖြားမယ့်သူတွေက လည်းအများကြီးရှိနေတာပါပဲ။ ဒီလိုလူမျိုးတွေ ဘယ်လောက်များနေမလဲဆိုတာလည်းခန့်မှန်းရခက်တယ်။ အကောင်းဆုံးကတော့ အင်တာနက် ပေါ်မှာ
Chatting ပြောတဲ့အခါမှာ ကိုယ့်ဘက်က စကားကျွံမထားဖို့အရေးကြီးတယ်ဆိုတာပါပဲ။ လုပ် ငန်းကိစ္စပြောသည်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာပြောသည်ဖြစ်စေ၊ အတင်း ပြောသည်ဖြစ်စေ၊ သူများမကောင်းကြောင်းပြောသည်ဖြစ်စေ သတိ ထားဖို့လိုအပ်ပါတယ်။G Talk လို Chattingမျိုးကို အသုံးပြုနေသူ ဆို ရင်တော့ Chat နေတဲ့ကာလမှာ Off Record လုပ်ပြီး
စကားပြောတာ အကောင်းဆုံးပါပဲ''ဟု အင်တာနက်ပုံမှန်သုံးစွဲနေသူတစ်ဦးကပြောပြပါသည်။
''အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေအတွက်ပိုသတိထားစရာ ပါ။အတွေ့အကြုံရှိထားပြီးဖြစ်တဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက တော့ကြုံလာတဲ့ လူမှုရေးပြဿနာတွေ၊ခြိမ်းခြောက်မှုတွေကိုဖြေရှင်းနိုင်ဖို့စဉ်းစားအဖြေရှာတတ်ကြပေမယ့် အတွေ့အကြုံမရှိသေးတဲ့ဆယ်ကျော်သက်လူငယ်တွေမှာတော့တစ်ဖက်လူ ရဲ့ဆင်ကွက်ထဲဝင်ရောက်သွားတတ် ကြပါတယ်။
ဒီအခါမှာပြဿနာတွေ ကပိုမိုရှုပ်ထွေးသွားတတ်ပြီးမလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း အများ ကြီး ပေါ်ပေါက်လာနိုင်ပါတယ်''ဟု အင်တာနက်သုံးစွဲမှုလေ့လာသူက ပြောပြခဲ့ပါသည်။
http://www.weeklyeleven.com/c001/c001.php?id=5မှကူးယူဖေါ်ပြသည်
မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း
ရဟန်းသံဃာများနှင့်ပြည်သူလူထုအား မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း
စာအမှတ် ၄/၂၀၀၉
နေ့စွဲ။ ။ ၂၀၀၉ခုနှစ် စက်တက်ဘာလ ၂ ရက်
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် ယခု-၀ါတွင်းကာလအတွင်း ဖြစ်ပေါ်နေသော
သံဃာတော်များအား (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များမှ သြဂုတ်လအတွင်း ဖိအားပေးလိုက်လံဖမ်းဆီးလိုက်ခြင်းသည်
သာသနာတော်ညှိနွမ်းကွယ်ပျောက်စေသည့် ဆောင်ရွက်မှုဟုလက်ခံယုံကြည်ထားသောကြောင့် အောက်ဖော်ပြပါ ရဟန်းသံဃာတော် (၃)ပါး
ဖမ်းဆီးလိုက်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံချလိုက်သည်။
(၁) ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့
နေ့လည်တွင် (နအဖ)မှ ဖမ်းဆီးသွားခြင်း ခံခဲကြရသည်။
(၂) ပခုက္ကူမြို့၊ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၈ရက်နေ့၊
သောကြာနေ့ညပိုင်းတွင် (နအဖ)၏ ဖမ်းဆီထိန်းသိမ်းခြင်း ခံခြဲ့ကရသည်။
(၃) ရေနံချောင်းမြို့၊ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် Uီးဝါယမအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့ ကြာသပတေးနေ့တွင်
(နအဖ)၏ ဖမ်းဆီးအထိန်းသိမ်းခြင်း ခံခဲ့ကြရသည်။
ဝါတွင်းကာလအတွင်း အထက်ပါ သံဃာ(၃)ပါးကို (နအဖ)စစ်အုပ်စုမှ မတရား ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် မြတ်စွာဘုရား၏ ၀ိနည်းတော်ကိုချိုးဖောက်စော်ကားရာ ရောက်ပေသည်။
ထိုကြောင့် ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ (နအဖ)ထံသို့ အထက်ပါ သံဃာတော် (၃)ပါးအား၎င်းသံဃာတော်တို့ သီတင်းသုံးရာ ကျောင်းထိုင်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရန်နှင့် သံဃာထုတစ်ရပ်လုံးအားဝန်ချတောင်းပန်ရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။
(နအဖ)စစ်အုပ်စု အနေဖြင့် သာသနာနှင့်သာသနာတော်စောင့်ရှောက်ကာကွယ်နေသူ သံဃာတော်များပါမက မြတ်စွာဘုရား၏ အဆုံးအမများကိုယုံကြည်လက်ခံကျင့်သုံးကိုးကွယ်နေသူ ဒါယကာ - ဒါယကာမ အပေါင်းအား စော်ကားလိုက်သည်ကို မျက်ဝါးထင်ထင် တြေွ့မင်ကြရပြီဖြစ်သည်။
ထိုကြောင့် အထက်ပါ တောင်းဆိုချက်အား (နအဖ)စစ်အုပ်စုမှ တုန့်ပြန်ဖြည့်စီးမှု မပြုပါက သံဃာထု တစ်ရပ်လုံးနှင့်အတူ ဒါယကာ-ဒါယကာမများပူးပေါင်းကာ သာသနာတော်ကို ညှိးနွမ်းပျောက်ကွယ်စေရန် ဆောင်ရွက်နေကြသည့် စစ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား၊ ကျနော်တို့Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ မြတ်စွာဘုရားသားတော်များဖြစ်ကြသော သံဃာများနှင့်ပြည်သူလူထုတစ်ရပ်လုံးဖြင့်ပူးပေါင်းကာ ၂၀၀၉ခုနှစ်အတွင်း (နအဖ)စစ်မိစ္ဆာများအား ပစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။
“ငါတို့လူငယ် ညီအစ်ကိုမောင်နှမများနှင့်အတူ ဗုဒ္ဓမြတ်စွာသာသနာတော်ကိုအသက်ပေး၍ ကာကွယ်ကြစို့”
Wednesday, September 2, 2009
သတင်း ပေါက်ကြားမှုများကြောင့် ဝန်ကြီးဌာနများကို ရှောင်တခင်စစ်ဆေး
သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ကနေ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေ၊ ကွန်ပျူတာ ကွန်ရက်စနစ်တွေနဲ့ကွန်ပျူတာလုပ်ငန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရမယ်လို့ညွှန်ကြားထားတဲ့အကြောင်း ညွှန်ကြားချက်ဖတ်ရသူတွေက ပြောပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့(၁)မှာ ဆက်သွယ်ရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်သိန်းထွန်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပြီး အဖွဲ့ (၂) ကိုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်စိုးနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်မှာ ဖြစ်ပါတယ်။အဖွဲ့(၃)ကိုတော့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင် ဦးအောင်မြင့်နဲ့ ကျွမ်းကျင်သူတွေကဦးဆောင်မှာ ဖြစ်ပါတယ်။
အဆိုပါ သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ဟာ သြဂုတ်လ ၁၉ ရက်ကစပြီးနေပြည်တော် ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးကို အထောက်အကူဖြစ်ဖို့အတွက် သင်္ချာဘာသာနဲ့ကွန်ပျူတာပညာမှာ ထူးချွန်တဲ့ မေမြို့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်စီမံကိန်းကြီးတခုရဲ့ အကြီးအကဲ ဗိုလ်ချုပ်စိန်ဝင်းကိုပါနေပြည်တော်ကို အရေးပေါ် ခေါ်ထားပါတယ်။ ဗိုလ်ချုပ်စိန်ဝင်းဟာနေပြည်တော်ဝန်ကြီးဌာနတချို့ရဲ့ကွန်ပျူတာကွန်ရက်တွေထဲကို Hacker ခေါ်ပြင်ပက ကွန်ပျူတာပညာရှင်တွေ ထိုးဖောက် ဝင်ရောက်မကြည့်နိုင်ဖို့ကာကွယ်ပေးမှာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
နေပြည်တော် ဝန်ကြီးဌာနတွေရဲ့ သတင်းပေါက်ကြားမှုကို ခုလိုလိုက်လံဖော်ထုတ်ဖို့ ကြိုးစားနေပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းတွေပေါက်ကြားတာကိုတောင် စစ်အစိုးရအနေနဲ့ တားဆီးနိုင်စွမ်း မရှိဖြစ်နေတယ်လို့နေပြည်တော် ဝန်ထမ်းတွေက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းက ကွန်ပျူတာကိုင်တဲ့ဝန်ထမ်းတွေကို ထောက်လှမ်းစုံစမ်းနေပြီး စိတ်မချရင် တာဝန်မပေးဖို့ ဆိုပြီးညွှန်ကြားထားပါတယ်။ ဒါပြင် စက်မှု(၁) ဝန်ကြီးဌာနရဲ့ လျှို့ဝှက် စာရင်းအင်းကိန်းဂဏန်း အချက်လက်တွေကို ကွန်ပျူတာ၊ အင်တာနက်၊ ဖက်စ်တွေနဲ့ ပို့ခွင့်
ပိတ်ပင်လိုက်ပြီး Messenger ခေါ် လူနဲ့လွှတ် ပို့ရမယ်လို့ပါအမိန့်ထုတ်ထားပါတယ်။
freemyanmar.googlegroups.com မှ သတင်းရရှိပါသည်။
Tuesday, September 1, 2009
Monday, August 31, 2009
ဂျပန် ရွေးကောက်ပွဲ အတိုက်အခံ အပြတ်အသတ်နိုင်
တကယ်သာ တရားဝင် အနိုင်ရခဲ့ရင် နှစ်ပေါင်း ၅၀ကျော် တောက်လျှောက် အုပ်ချုပ်လာခဲ့တဲ့ လက်ရှိအာဏာရ Liberal Democratic Party (LDP) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာကို စိုးရိမ်နေကြ သူတွေနဲ့ နိုင်ငံရေး အပြောင်းအလဲကို လိုလားနေတဲ့ အသက်အရွယ်ကြီးတွေက လက်ရှိအာဏာရပါတီကို မဲမပေးကြဘူးလို့ မဲမပေးခင် ကောက်ခံတဲ့ သဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။ အတိုက်အခံ DPJဟာ တခြားပါတီငယ်တွေရဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော်မှာ အနိုင်ရထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်မှာပါ အနိုင်ရရင်တော့ DPJ ခေါင်းဆောင် ယူကီအို ဟတိုယာမ ဟာ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ တရားဝင် မဲရလဒ်တွေတော့ ဂျပန်စံတော်ချိန် တနင်္လာနေ့ အစောပိုင်းလောက်မှာ သိရနိုင်မှာပါ။ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ အလားအလာများနေတဲ့ အသက်၆၂နှစ်အရွယ် မစ္စတာ ဟတိုးယာမ ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး အရ သြဇာညောင်းတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ ဖြစ်ပြီး အချမ်းသာဆုံး လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါ တယ်။ သူ့ရဲ့ အဖိုး ၀န်ကြီးချုပ်ဟောင်း အီချီရို ဟတိုးယာမ ဟာ ၁၉၅၅ခုနှစ်ကတည်းက တောက်လျှောက် ဂျပန်ကို အုပ်ချုပ် လာတဲ့ LDPပါတီကို တည်ထောင်နိုင်ရေး ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က LDP ပါတီဝင် တဦးဖြစ်ခဲ့သူ ဟတိုးယာမ က အလုံးစုံ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။ အမေရိကန် Standford တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး၊ စကားကို သိမ်သိမ်မွေ့မွေ့ ပြောတတ်သူက ဂျပန် နိုင်ငံကို အမေရိကန် စီးပွားရေးလို အလွန်အကျွံ အရင်းရှင် ဆန်မှုကနေ ဖယ်ခွာအောင်လုပ်မယ်လို့လည်း ပြောပါတယ်။
(ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်တော့မဲ့ယ့် Mr. HATOYAMAဟာဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိသူသာမက ပါတီရဲ့ DPJ လွှတ်တော်အမတ်တွေဟာ မြန်မာ့ဒီမိုကရေစီရေး ကူညီဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များအဖွဲ့ GIREN ရဲ့အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့မူဝါဒတွေဟာ ပြေင်းလဲလာနိုင်ဘွယ် ရှိသလားဆိုတာကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြား စိတ်ဝင်စားနေကြပါတယ်။)
(voa)
