Saturday, December 26, 2009
Sunday, December 20, 2009
Monday, October 26, 2009
မြန်မာ ရုပ်မြင်သံကြား
powder DVD KEY
TKEWB-ZNHAF-QV7J9-H88VP-M3VED-37N8U
ဒီနည်းကလေးတွေကတော့ အလွယ်သုံးနည်း လေးတွေပေါ့ဗျာ .. firefox ကို mouse မသုံးပဲ keyboard ကနေပြီးတော့ ပဲ လုပ်ကြည့်ရအောင် ..
မြန်မြန် ဆန်ဆန်ကလေး ပေါ့ ..သုံးရတာလည်း အဆင်ပြေပါတယ်...
* Ctrl+T ကတော့ tab တစ်ခု အသစ် ဖွင့်တာပါ ..
* Ctrl+N ကတော့ firefox မှာ new window ဖွင့်တာပါ ..
* Ctrl+F ကတော့ ဖွင့်နေတဲ့ စာမျက်နှာမှာ ကိုယ်ကြိုက်တာလေးရှာရအောင်ပါ ...
* Ctrl+D ကတော့ ဖွင့်နေတဲ့ စာမျက်နှာကလေးကို bookmark လုပ်တာပါ ..
* Ctrl + စာလုံး ကို ခပ်ကြီးကြီးမြင်ချင်ရင်ပေါ့ ..
* Ctrl - စာလုံးကို သေးသေးလေးတွေ ဖြစ်အောင်ပါ ..
* Spacebar ကတော့ စာမျက်နှာကို အောက်ကို သွားအောင်လိုပ်ပါတယ် ...
* Shift+Spacebar အဲဒီနှစ်ခုကို တွဲနှိပ်ရင်တော့ စာမျက်နှာကို အထက်ကို တက်ပါတယ် ....
* Ctrl+K search box ကို သွားတဲ့ အခါမှာ အသုံးပြုပါတယ် ...
* Ctrl+L ဒါကတော့ address bar ကို သွားတာပါ ....
* Ctrl+W ကတော့ tab ကလေးတွေကို တစ်ခု ချင်းစီ ပိတ်တာပါ ....
* F5 ဆိုရင်တော့ ကွန်ပျူတာမှာ refresh လုပ်သလိုပေါ့ ကိုယ်ဖွင့်ထားတဲ့ site ကလေးကို
reload လုပ်လိုက်တာပါ ..
* Alt+Home ဆိုရင်တော့ ကိုယ် home page လုပ်ထားတဲ့နေရာကလေးကို ရောက်သွားမှာပါ ...
ကဲ စမ်ပြီးတော့ သုံးကြည့်ပါဦးဗျာ ... နောက်ထပ်လည်း ရှိပါသေးတယ် .. နောက်မှတင်ပေးပါမယ်.. အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေ ....
အားလုံး shorcuts keys ကလေးတွေကို စိတ်ဝင်စားကြမှာပါ ... အခု က firefox မှာ ကျွန်တော်တို့အနေနဲ့ keyboard နဲ့ mouse ကို တွဲပြီးတော့ သုံးတဲ့ နည်းကလေးတွေပါ .. စမ်းပြီးတော့ သုံးကြည့်ကြရအောင်ပါ ..
* Ctrl-scroll up ဆိုရင် စာလုံးတွေကိုကြီးအောင်လုပ်တာပါ ..
* Ctrl-scroll down ဆိုရင်တော့ စာလုံးတွေကို သေးအောင်လုပ်တာပါ
* Shift-scroll down ဆိုရင်တော့ အရင် က ကိုယ့်သွားခဲ့တဲ့စာမျက်နှာကို ပြန်သွားတာပါ ..
* Shift-scroll up ဆိုရင်တော့ နောက်တစ်မျက်နှာ ကို သွားတာပါ ...
* Middle click on link ဆိုရင်တော့ အဲဒီလင့်ကို နောက် tab တစ်ခုမှာ ဖွင့်တာပါ ...
* Middle click on a tab ဆိုရင်တော့ ဖွင့်ထားတဲ့ tab ကလေးကို ပိတ်လိုက်တာပါ ...
Saturday, October 24, 2009
Update You Drivers For Windows
21 Comments » Windows တစ်ခါတင်ပြီးရင် ဒုက္ခရောက်တာက Drivers တွေပဲ။ စက်တွေအမျိုးမျိုးဆိုတော့ Drivers တွေလည်း အမျိုးမျိုးပေါ့။ SP 3 ကို ပြန်ပြင်ထားတဲ့ Dark Edition လို windows မျိုးတွေနဲ့ အခြို့စက်တွေက ပါတဲ့ Drivers တွေ အဆင်မပြေဘူး။ အဲဒါမျိုးတွေ အတွက်ပေါ့နော်။ အခုမှ စတဲ့ လူတွေအတွက် ဘာမှန်းမသိ ဖြစ်ကုန်မှာစိုးလို့ ကျနော်နားလည်သလောက် ထပ်ပြောပါ့မယ်။ Drivers ကို ဘာလို့ လိုတာလဲ ဆိုတော့ ကျနော်တို့ ကွန်ပျူတာကို အသုံးပြုဖို့အတွက် Hardware တွေ ဆင်ပါတယ်။ အဲဒါတွေနဲ့ Software ကို အသုံးပြုနိုင်ဖို့ Operating System တစ်မျိုးမျိုးကို သုံးရပါတယ်။ (နာမည်ကြီး တွေကတော့ Microsoft က ထုတ်တဲ့ Windows များ၊ Apple ကထုတ်တဲ့ MAC OS X , Linux က ထုတ်တဲ့ Redhat, SUSE, Fedora, Ubuntu ကဲ့သို့သော Open Source OS များနဲ့ အခြားသော OS များဖြစ်ပါတယ်)။ အဲဒီ OS တွေကို အခြေခံသုံးပြီး မိမိတို့ လုပ်ဆောင်လိုသော Software များကို ဆက်လက်အသုံးပြုပါတယ်။ အဲဒီနေရာမှာ မိမိတပ်ဆင်လိုက်တဲ့ Hardware ကို မိမိအသုံးပြုတဲ့ OS က သိဖို့လိုပါတယ်။ အခု Windows XP ကို သုံးနေတယ်ဆိုပါစို့။ မိမိက Scanner တစ်လုံးကို တွဲဖက်သုံးဖို့ လာတပ်ပါတယ်။ အဲဒီ Scanner ရဲ့ လုပ်ဆောင်နိုင်မှုတွေကို အသုံးချဖို့ ၀င်းဒိုးက အဲဒါ ဘာလုပ်နိုင်သလိုဆိုတာ သိအောင် Software တစ်ခုထပ် run ပေးရပါတယ်။ အဲဒါကို Drivers လို့ ခေါ်ပါတယ်။ (ကျနော် အလွယ်ပဲ ပြောလိုက်တာပါ။ တိတိကျကျပြောရင်တော့ Hardware တွေကို OS နဲ့ သုံးလို့ရအောင် လမ်းညွှန် ဆက်စပ်ပေးတာ မို့လို့ Drivers လို့ ခေါ်တာပါ)။ သိပြီးသားတွေ ဖြစ်နေပါလိမ့်မယ်။
အခုကျနော်ရေးချင်တာက အဲဒီ Drivers တွေရဲ့ Update ကို အန္တရာယ်ကင်းစွာ လုပ်ဆောင်ပေးနိုင်မယ့် Software တစ်ခု ပေးချင်တာပါ။ တကယ်လို့ Drivers ကို ဘာမှန်းမသိခဲ့ရင် ဒီ Software က ဘာလုပ်မှန်းမသိမှာစိုးလို့ လျှာရှည်ပြီး ပြောပြတာပါ။ Drivers တွေကြောင့် ဘာဖြစ်နိုင်လဲ ဆိုတော့ အဆိုးဆုံး BSOD ပေါ်ပါတယ်။ (ကျနော့် သူငယ်ချင်းတစ်ယောက် စက်က Dark Edition တင်ပြီး သူ့ရဲ့ Motherboard Drivers run ပြီးတာနဲ့ BSOD ပေါ်ပြီး လုံးဝကို ၀င်းဒိုးမတက်တော့ပါဘူး) ။ အဲဒါအပြင်ကို အခြား error တွေလည်း အများကြီးပေါ့ဗျာ။ မိမိသုံးနေတဲ့ Motherborad က ထွက်ထားတာ ကြာပြီဆိုရင် သူ့မှာပါတဲ့ Drivers CD ကလည်း ကြာပြီပေါ့။ အဲဒါတွေကို up to date ဖြစ်စေမယ်ဆိုရင် မိမိစက်မှာ Drivers ကြောင့် error မဖြစ်နိုင်တော့သလို Hardware တွေရဲ့စွမ်းရည်ကိုလည်း ပိုမို ကောင်းမွန်စွာ အသုံးချနိုင်မှာပါ။ လေရှည် တာများသွား ပြီ အောက်မှာ ဒေါင်းလိုက်ပါဦးဗျာ ....

Download Mirror 1 : Mediafire (Uniblue DriverScanner 2009)
Download Mirror 2 : Zshare (UniblueDriver Scanner 2009)
ကျနော် rar နဲ့ ချုံ့ထားပေးပါတယ်။ ဇစ်ဖြည်ပြီး run လိုက်ပါ။ run လို့ပြီးတာနဲ့ drivers တွေကို scan စစစ်ပေးနေမှာ ဖြစ်ပါတယ်။ စစ်လို့ ပြီးရင် အောက်ပါအတိုင်း ဘယ်နှစ်ခုက date out နေပြီ ဆိုတာ ပြပါတယ်။ ဘယ်ဘက် အောက်နားမှာ Registry ဆိုတာ ရှိပါတယ်။ အဲဒါလေး နှိပ်ပြီး ကီးထည့်ပေးရမှာ ဖြစ်ပါတယ်။ Registry မလုပ်ရင် Scan ပဲ စစ်လို့ရပြီး Download လုပ်လို့ရမှာ မဟုတ်ပါဘူး။

Redistry ကို နှိပ်လိုက်တာနဲ့ အောက်ပါအတိုင်းပေါ်ပါတယ်။ အောက်မှာ ပေးထားတဲ့ ကီးကို ထည့်ပေးပြီး Activate now ဆိုတာကို နှိပ်ပေးလိုက်ပါ။ (ဒေါင်းလုပ် ဖိုင်ထဲမှာလည်း ကီးကို ထည့်ပေးထားပါတယ်)

အောက်ပါအတိုင်း Activation အောင်မြင်ကြောင်းပြောပါလိမ့်မယ်။

ပြီးတာနဲ့ Download all ကို နှိပ်ပေးလိုက်ပါ။

သူ့ဘာသာ အားလုံးကို Auto ဒေါင်းသွားပါလိမ့်မယ်။

ဒေါင်းပြီးပြီ ဆိုရင် အောက်မှာ ပြထားသလို Install Driver ဆိုတာ ပေါ်လာပါတယ်။ အဲဒါလည်း နှိပ်ပေးရုံပါပဲ။ အဲဒီမှာ တစ်ခုရှိသေးတာက level တွေပါပဲ။ S ဆိုရင်တော့ Install အတွက် Save ဖြစ်ပါတယ်။ R ဆိုတာတော့ စွန်စားရမယ်ပေါ့။ ရချင်မှ ရမယ် error လည်း ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောပါ။ အဲဒီ R ပြနေတာကို Driver ကို Install နှိပ်ကြည့်လိုက်ပါ။

အောက်ပါအတိုင်းပဲ နောက်ခံအနီနဲ့ install လုပ်ခွင့်မပြုတဲ့အကြောင်း ပြောပါလိမ့်မယ်။

အခြား save ဖြစ်သော Driver များကို အလွယ်တကူ run ပေးရုံပါပဲ။ တစ်ခုကို run ပြီးတိုင်း restart တောင်းတဲ့ drivers တွေ ရှိပါလိမ့်မယ်။ Reboot later ကို သာပေးထားပြီး အားလုံးပြီးမှပဲ restart လုပ်ပေးလို့ရပါတယ်။

အားလုံးအဆင်ပြေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်။ ဒီကောင်လေးက အသုံးလည်း ၀င်တယ်၊ လွယ်လည်း လွယ်တဲ့ အပြင် save ဖြစ်လို့ တင်ပေးလိုက်တာပါ။ Drivers Update လုပ်ချင်သူများအတွက် အကောင်းဆုံး Software လေးပါပဲ။
ကျေးဇူးပါ .. Uniblue DriverScanner 2009 ...

DS-G06F8-3F0C3-74D32-06C90-60601-000G0

Sunday, October 18, 2009
Scripts and CSS Codes များကို Blogger မှာ ဘယ်လို View နိုင်အောင်လုပ်နည်း
Scripts and CSS Codes များကို Blogger မှာ ဘယ်လို View နိုင်အောင်လုပ်နည်း

ဒီလို Code တွေကို ပြောတာပါ။
1) Blogger ထဲကို Sign In ၀င်ပါ။
2) Layout ထဲက Edit HTML ကို သွားပါ။
3) ပြီးရင် ]]> ကိုရှာပြီး သူရဲ့ အပေါ်မှာ အောက်က Code တွေကို ထည့်ပေးပါ။
.codeview {
margin : 15px 35px 15px 15px;
padding : 10px;
clear : both;
list-style-type : none;
background : #f9f9f9;
border-top : 1px solid #eeeeee;
border-right : 2px solid #cccccc;
border-bottom : 2px solid #cccccc;
border-left : 1px solid #eeeeee;
}
.codeview li {
font-size : 13px;
line-height : 24px;
font-family : "Courier New", "MS Sans Serif", sans-serif, serif;
color : #333333;
font-weight : normal;
margin : 0;
padding : 0;
}
4) ပြီးရင် Save လိုက်ပါ။
5) ပြီးရင် Code တွေကို ထည့်ရေးနိုင်ပါပြီး။
6) Code တွေကို မထည့်ခင် ဒီ Web Site မှာ Code များကို အမြဲတန်းပြောင်းပေးပါ။
http://www.elliotswan.com/postable/

Codes တွေကိုဒီမှာထဲ့ရေးလိုက်ပါ
Subscribe to:
Posts (Atom)