gg

Sunday, September 6, 2009

Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်

Web Browser အများကြီးထဲကမှMozilla Firefox ကိုဘဲနှစ်သက်စွာသုံးဖြစ်ပါတယ်..ကျွန်တော်အမြဲကြည့်နေကျ

Website တွေဆို Bookmarks တွေ..

တချို့  website တွေဆို remember password လုပ်ထားတွေရှိတယ်..

အဲ့ဒီလို Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backup

လုပ်ထားရင် အဆင်ပြေတာပေါ့ဗျာ..အခန့်မသင့်လို့ Windows

ပြန်တင်ရရင်ပဲဖြစ်ဖြစ်

firefox ကို ပြန် Install လုပ်တာပဲဖြစ်ဖြစ် restore လုပ်လိုက်တာနဲ့

မိမိအရင်ကထားခဲ့တဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရနိုင်ပါတယ် ။

ကဲ Restore လုပ်ကြရအောင်…..

Run ထဲကနေ” %userprofile%\Application Data\Mozilla\Firefox\Profiles”ကို

ရိုက်လိုက်ပါ.. အဲ့ဒါဆိုရင် Firefox ရဲ့ Profile တွေအကုန်လုံးကိုမှတ်ထားတဲ့

ABCD.default ဆိုတဲ့ Folder ကိုတွေ့ပါမယ်.. (ABCD ဆိုတာ ကွန်ပျူတာရဲ့ Code ပါ..

တစ်လုံးနဲ့တစ်လုံး မတူနိုင်ပါဘူး) .. အဲဒီ Folder တစ်ခုလုံးကို save ထားလိုက်ပါ..

ဒါဆို ရပါပြီ.. နောင်တချိန်အကြောင်းကြောင်းကြောင့် firefox Restore ပြန်လုပ်ရင်

Run ထဲကနေ ခုနက Command ကိုပြန်ရိုက်ပြီး

Folder လိုက်ပြန်ကူးထည့်လိုက်ရင် မိမိအရင်ကထားခဲ့တဲ့

Firefox ရဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရပြီးအရင်မှတ်ထား

တဲ့အချက်အလက်တွေအတိုင်းပုံမှန်ပြန်သုံးနိုင်ပါပြီ

Bookmarks တွေပြန်မရှာရတော့ဘူးပေါ့ဗျာ


အဆင်ပြေကြပါစေဗျာ

Saturday, September 5, 2009

sp3

ကျွန်တော်ကတော့ စကတည်းက SP3 ကိုမသုံးတာ မသုံးဖြစ်တာလည်းပါတယ်။တည်ငြိမ်နေတဲ့စက်တစ်လုံးကို ဖြစ်နိုင်ရင် မလိုအပ်ရင် ဘာမှထပ်မတင်တာအကောင်းဆုံးပဲ။ customer တစ်ယောက်ပေါ့ သူကစူးစမ်းတဲ့လေ့ လာချင်တဲ့စိတ်ရှိတယ် ကြိုးစားသင်ယူမေးမြန်းတယ် hardware software ဘာအသစ်ထွက်နေပြီ
ဆိုတာကအစ သူကတောင် ကျွန်တော်ထက်ကြိုသိနေတယ် နောက်ဆုံးထွက်မှန်သမျှကို သူစိတ်ဝင်စားတယ် ၀ယ်နိုင်တာဆိုရင် ၀ယ်စမ်းတယ်ဆိုပါတော့။တနေ့တော့ ကျွန်တော်ဆီကို အမောတကောရောက်လာတယ် သူ့စက်ကို WinXP SP3 တင်လိုက်ပြီးတော့ စက်က BSOD (Bluse Scree Of Death) ပဲတက်တက်နေတယ် Windows ကိုပြန်မရောက်ပဲ Reboot ဖြစ်ဖြစ်နေတယ်။ ထုံးစံအတိုင်းပေါ့ ပြောပါ ကူပါဆိုတာနဲ့ စက်ကို F8 နဲ့တက် safe mode နဲ့ဝင်လိုက်တယ်။

1 Start --- Run --- Type Regedit လို့ရိုက်။ (open registry editor)
2 HEKY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\intelppm သွားပါ။
3 ညာဘက်ခြမ်းမှာ START ကိုတွေရင် Double Click နှိပ်ဖွင့်ပါ။
4 တန်ဖိုးကို 4 ပြောင်းပေးပါ။ အိုကေကိုရွေးပါ။
5. Registry Editor ကိုပိတ်ပါ။
6. Computer ကိုRestart လုပ်ခြင်းဖြင့် Windows XP ကို ပုံမှန်အတိုင်း ပြန်အလုပ်လုပ်ပြီး SP3 သွင်းခြင်း လုပ်ငန်းစဉ်ကိုပြီးမြောက်စေပါသည်။

ရှင်းလင်းချက် - SP3 ကို install လုပ်ပြီးတဲ့အခါမှာ အထက်ပါပြဿနာဖြစ်တယ်ဆိုတာက System တိုင်းတော့ မဟုတ်ပါ။ SP3 ကိုထည့်သွင်းလိုက်တာနဲ့ System ထဲမှာရှိတဲ့ SysPrep ကို ပြင်ဆင်ရပါတယ်။SysPrep img ဟာ intel ကို based လုပ်ပါတယ်။ အခု Fix လုပ်ပေးတဲ့စက်က AMD Processor ဖြစ်နေတော့ System Registery entry ထဲက intelppm မှန်ကန်စွာ ပြောင်းလဲခြင်းမပြုလုပ်နိုင်တဲ့အခါမှာ အထက်ပါပြဿနာ ဖြစ်ရခြင်း ဖြစ်ပါတယ်။

၂၀၁၀ မြန်မာ့ဖလား အကြို ဗိုလ်လုပွဲ

Friday, September 4, 2009

Where Myanmar Nuclear

Ref: ၂ သြဂုတ် ၂၀၀၉ (Bangkok Post: Spectrum)
မြန်မာစစ်အစိုးရဲရဲ့ အနုမြူလုပ်နိုင်တဲ့အစွမ်းအစကို ဒေသတွင်းမှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေက ဘာလို့ မယုံကြည်ကြသလဲဆိုတာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ မြန်မာပြည်အပြင်ဖက်ကို ထွက်လာတဲ့ သတင်းဇတ်လမ်းတွေ စိစစ်အတည်ပြုနိုင်ဖို့ ဆိုတာဟာ ခက်ခဲလှပါတယ်။ စစ်အစိုးရက နိုင်ငံတကာ မီဒီယာတွေကို တားမြစ်ထားပါတယ်။ တပ်ပြေးတွေက တတိယနိုင်ငံမှာ သူတို့အခြေချနေထိုင်ခွင့်ရဖို့အရေး သူတို့ဘယ်လောက် အရေးပါတယ်ဆိုတာကို ချဲ့ကားပြောဆိုနေကြပြီး ပြည်ပရောက်မြန်မာ့နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း စစ်အစိုးရ မဟုတ်တယုတ်လုပ်နေတောတွေကို နိုင်ငံတကာမှာ မီးမောင်းထိုးပြဖို့ ဆက် လက် လိုအပ်နေပါတယ်။
စစ်အစိုးရကပဲ သူတို့ တကယ်လုပ်နေတာတွေကို ဖုံးကွယ် ဖို့ သတင်းမှားတွေ ထုတ်ပေးနေသလား ဆိုတာလည်း သူတို့ပဲသိမှာပါ။ မြန်မာပြည်ဟာဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ ကျေးလက်ဒေသတွေမှာရှိတဲ့ အပေါ်ထပ်အဆောက်အအုံ တွေဟာ မရှိတော့သလောက်ပဲ။ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် ၀င်ငွေရပေါက်ရလမ်းတွေကလည်း ပိတ်နေတယ်။
မကြာသေးခင်နှစ်တွေတုန်းက မြောက်ကိုရီးယန်း၊ ဆီးရီး ယန်းနဲ့ အီရန်တွေရဲ့ထုနဲ့ထည်နဲ့ဖျက်ဆီးနိုင်တဲ့ လက်နက် တွေ တည်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းတွေအပေါ်မှာ အမေရိကန် အစိုးရက စိုးရိမ်ပူပန်တဲ့အကြောင်း အသံပေး လာပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ပတ်သက်လို့တော့ အခုထိ အသံတိတ်နေတုန်းပါ။ မြန်မာပြည်ရဲ့ အနုမြူ ထုတ်လုပ်ရေး ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ သံသယတွေကတော့ အမြဲတန်း ရှိနေ မှာပါလို့ Griffith Asia တက္ကသိုလ် က သုတေသီ၊ ကာကွယ်ရေးဆိုင်ရာ သြစတြေးလီးယန်း အကဲခတ်တဦးဖြစ်တဲ့ Andrew Selth က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေမှာ ဒီသံသယတွေက ပိုတိုးလာတယ်။ ဒါပေမဲ့ ဒါတွေ တကယ်ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ သိပုံမပေါ်ပါဘူး။ မြန်မာ့အနုမြူထုတ်လုပ်မှုအဆင့်အတန်းနဲ့ပတ်သက်တဲ့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ယုံကြည်ရလောက်တဲ့ ကြေညာချက်တခုကို အိုဘားမားအစိုးရအဖွဲ့ကနေ ထုတ်ပြန်ပေးဖို့ကို နိုင်ငံအတော်များများက မဟာဗျူဟာ အကဲခတ်လေ့လာရေး သမားတွေက မျှော်လင့်နေကြပါတယ်”။
၂၀၀၇ခုနှစ်၊ မေလ၊ မြန်မာပြည်မှာ အနုမြူသုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါဟာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပါလို့ Rosatom လို့ခေါ်တဲ့ ရုရှအနုမြူစွမ်းအင် အေဂျင်စီက ပြောဆိုပါတယ်။ မြန်မာနိုင်ငံဟာ IAEA တာဝန်ယူမှုအောက်မှာ ရှိတဲ့ အနုမြူ မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အနုမြူ အဆောက်အအုံတွေကို စစ်ဆေးဖို့ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုထိတော့ ဒီလိုမလုပ်နိုင်သေးပါဘူး။
သံသယရှိနေကြတဲ့ ဒေသတွင်း လုံခြုံရေးအေးဂျင့်တွေနဲ့သံရုံးအတွင်းလူတွေက မြန်မာစစ်အစိုးရကို မယုံကြည်နိုင်ကြတော့ဘူး ဆိုတာကို ထုတ်ဖော်ပြောချင်နေကြတယ်။ အကြောင်းပြချက်တွေကလည်း ကောင်းတယ်။ မြန်မာပြည်ဟာ ကလေးစစ်သားတွေ၊ မြေမြှုပ်မိုင်း၊ အဓမ္မလုပ်အားစေခိုင်းတာ၊ အဓမ္မရွှေ့ပြောင်းတာ၊ နိုင်ငံရေး အတိုက်အခံတွေကိုဖိနှိပ်တာ၊ ရောဂါထိန်းချုပ်တာ၊ တရား မ၀င်မူးယစ်ဆေးဝါး၊ လူကုန်ကူးတာနဲ့ အဂတိလိုက်စားတာ စတဲ့ ကိစ္စတွေမှာ ကမ္ဘာ့အဆိုးဆုံးစာရင်းတွေရဲ့ ထိပ်ဆုံးနားကနေ လိုက်နေ တယ်။
Source:Renaissance

Thursday, September 3, 2009