gg

Thursday, September 3, 2009

Online Chatting အသုံးပြုရာမှတစ်ဆင့် လူမှုရေးပြဿနာပေါ်ပေါက်မှုများ ပိုမို

Online Chatting အသုံးပြုရာမှတစ်ဆင့် ပေါ်ပေါက်လာခဲ့ သောလူမှုရေးပြဿနာများထဲတွင် ခြိမ်းခြောက်အကျပ်ကိုင် ခြင်းများ၊လူမှုရေးဖောက်ပြန်မှုများ၊ နေ့စဉ်လူနေထိုင်မှုဘ၀ကို ထိခိုက်စေသောအနှောင့်အယှက်ပေးခြင်းများစသည်တို့ပါဝင် လာကြကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ပြောဆိုချက်များ အရသိရသည်။ Chattingမှတစ်ဆင့်ကြုံတွေ့ရသောလူမှုရေး
ပြဿနာများသည်အတွေ့အကြုံနုနယ်သောလူငယ်များသာမကအတွေ့အကြုံရှိထားပြီးဖြစ်သည့် လူလတ်ပိုင်း၊ လူကြီးပိုင်းများ ၌ပါကြုံတွေ့လာရခြင်းများရှိနေသည့်အတွက် Chatting အသုံး ပြုသူများအနေဖြင့်
မိမိတို့၏လုံခြုံရေးကို ပိုမိုဂရုစိုက်ရန်လိုအပ် လာကြောင်းသိရှိရပါသည်။

''Online Chatting ကနေ တစ် ဆင့် လူကုန်ကူးမှုအန္တရာယ် ဖြစ်နိုင်တယ်ဆိုတာကို သတိပေးနေကြပေ မယ့် တခြားလူမှုရေးပြဿနာတွေ ကြုံနိုင်တာကိုလည်းထည့်သွင်းစဉ်း စားထားရပါမယ်။ တခြားနိုင်ငံတွေ မှာ ဒီလိုပြဿနာတွေ
ရှိထားပြီးဖြစ် ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီနှစ်ပိုင်းတွေမှာChatting က တစ် ဆင့် ပေါ်ပေါက်လာတဲ့ လူမှုရေး ပြဿနာတွေ တော်တော်များလာတယ်ဆိုတာ သတိထားမိတယ်''ဟု မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲမှု အနေအထားကို
လေ့လာနေသည့် လေ့လာသူတစ်ဦးကပြောပြပါသည်။ ''Chattingကနေ တစ်ဆင့်လူမှုရေးပြဿနာတွေ ဖြစ်လာရာ ကနေ နောက်ဆုံးခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြုံလာရတဲ့အနေ အထားတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။
ဥပမာတစ်ခုအနေ နဲ့ပြောရရင် အင်တာနက်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်မသိဘဲခင်မင်သွားကြရာကနေ သမီးရည်း စားဖြစ်သွားပြီး လူချင်းတွေ့နယ်ကျွံ ကြပြီးမှတစ်ဖက်လူက အိမ်ထောင် ရှင်ဖြစ်နေတာမျိုးကို သိခဲ့ကြရတာ တွေရှိသလို
နှစ်ဦးသားခင်မင်နေကြ တုန်းက ကိုယ်ရေး၊ကိုယ်တာပြောဆို ထားတဲ့စကားတွေကိုနောက်ပိုင်း အဆင်မပြေတော့တဲ့ အချိန်ရောက် တော့မှ ပြောထားခဲ့ဖူးတဲ့ အတွင်းစကားတွေကို အများသိအောင် ဖြန့် လိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်အကျပ်
ကိုင်မှုတွေလည်း ရှိလာပါတယ်''ဟု အင်တာနက်သုံးစွဲမှုလေ့လာသူကဆက်လက်ပြောပြသည်။

ပေါ်ပေါက်လျက်ရှိသော လူမှု ရေးပြဿနာများထဲ၌ ရင်းနှီးထား စဉ်ကပြောဆိုထားခဲ့သော အတွင်း စကားများကို Record ယူထားပြီး မပြေလည်ချိန်တွင်အဆိုပါစကား များကိုအများသိရှိအောင် ဖြန့်ဖြူး မည်ဆိုသောခြိမ်းခြောက်မှုများဖြင့် ပြုလုပ်လာခဲ့သည့်အတွက် Chatting ပြောဆိုရာတွင်သတိထားရန် လို အပ်လာကြောင်းလည်းသိရသည်။

''လူ့စိတ်ဆိုတာတော့ဘယ်တော့မှ အစိုးမရတတ်ဘူး။ လူချင်း ခင်မင်ရင်းနှီးတဲ့သူတွေအချင်းချင်းတောင် ရံဖန်ရံခါမှာယုံကြည်ရတာမဟုတ်တဲ့ အတွက်အင်တာနက်ပေါ်မှာပဲ သိ ကျွမ်းခင်မင်ရင်းနှီးတဲ့သူတွေဆို ဘယ် လိုနေမလဲ။
အစစ်အမှန်တွေရှိသလို လိမ်ညာလှည့်ဖြားမယ့်သူတွေက လည်းအများကြီးရှိနေတာပါပဲ။ ဒီလိုလူမျိုးတွေ ဘယ်လောက်များနေမလဲဆိုတာလည်းခန့်မှန်းရခက်တယ်။ အကောင်းဆုံးကတော့ အင်တာနက် ပေါ်မှာ
Chatting ပြောတဲ့အခါမှာ ကိုယ့်ဘက်က စကားကျွံမထားဖို့အရေးကြီးတယ်ဆိုတာပါပဲ။ လုပ် ငန်းကိစ္စပြောသည်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာပြောသည်ဖြစ်စေ၊ အတင်း ပြောသည်ဖြစ်စေ၊ သူများမကောင်းကြောင်းပြောသည်ဖြစ်စေ သတိ ထားဖို့လိုအပ်ပါတယ်။G Talk လို Chattingမျိုးကို အသုံးပြုနေသူ ဆို ရင်တော့ Chat နေတဲ့ကာလမှာ Off Record လုပ်ပြီး
စကားပြောတာ အကောင်းဆုံးပါပဲ''ဟု အင်တာနက်ပုံမှန်သုံးစွဲနေသူတစ်ဦးကပြောပြပါသည်။

''အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေအတွက်ပိုသတိထားစရာ ပါ။အတွေ့အကြုံရှိထားပြီးဖြစ်တဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက တော့ကြုံလာတဲ့ လူမှုရေးပြဿနာတွေ၊ခြိမ်းခြောက်မှုတွေကိုဖြေရှင်းနိုင်ဖို့စဉ်းစားအဖြေရှာတတ်ကြပေမယ့် အတွေ့အကြုံမရှိသေးတဲ့ဆယ်ကျော်သက်လူငယ်တွေမှာတော့တစ်ဖက်လူ ရဲ့ဆင်ကွက်ထဲဝင်ရောက်သွားတတ် ကြပါတယ်။
ဒီအခါမှာပြဿနာတွေ ကပိုမိုရှုပ်ထွေးသွားတတ်ပြီးမလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း အများ ကြီး ပေါ်ပေါက်လာနိုင်ပါတယ်''ဟု အင်တာနက်သုံးစွဲမှုလေ့လာသူက ပြောပြခဲ့ပါသည်။

http://www.weeklyeleven.com/c001/c001.php?id=5မှကူးယူဖေါ်ပြသည်

စက်တင်ဘာနှစ်ပတ်လည်ပြည့် အထိမ်းအမှတ်


ဒီဇိုင်း ကိုမျိုး

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း

သာသနာတော်မကွယ်ပျောက်စေရေးအတွက် (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များထံသို့ အထူးတောင်းဆိုခြင်းနှင့်
ရဟန်းသံဃာများနှင့်ပြည်သူလူထုအား မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း
စာအမှတ် ၄/၂၀၀၉
နေ့စွဲ။ ။ ၂၀၀၉ခုနှစ် စက်တက်ဘာလ ၂ ရက်
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် ယခု-၀ါတွင်းကာလအတွင်း ဖြစ်ပေါ်နေသော
သံဃာတော်များအား (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များမှ သြဂုတ်လအတွင်း ဖိအားပေးလိုက်လံဖမ်းဆီးလိုက်ခြင်းသည်
သာသနာတော်ညှိနွမ်းကွယ်ပျောက်စေသည့် ဆောင်ရွက်မှုဟုလက်ခံယုံကြည်ထားသောကြောင့် အောက်ဖော်ပြပါ ရဟန်းသံဃာတော် (၃)ပါး
ဖမ်းဆီးလိုက်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံချလိုက်သည်။
(၁) ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့
နေ့လည်တွင် (နအဖ)မှ ဖမ်းဆီးသွားခြင်း ခံခဲကြရသည်။
(၂) ပခုက္ကူမြို့၊ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၈ရက်နေ့၊
သောကြာနေ့ညပိုင်းတွင် (နအဖ)၏ ဖမ်းဆီထိန်းသိမ်းခြင်း ခံခြဲ့ကရသည်။
(၃) ရေနံချောင်းမြို့၊ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် Uီးဝါယမအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့ ကြာသပတေးနေ့တွင်
(နအဖ)၏ ဖမ်းဆီးအထိန်းသိမ်းခြင်း ခံခဲ့ကြရသည်။
ဝါတွင်းကာလအတွင်း အထက်ပါ သံဃာ(၃)ပါးကို (နအဖ)စစ်အုပ်စုမှ မတရား ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် မြတ်စွာဘုရား၏ ၀ိနည်းတော်ကိုချိုးဖောက်စော်ကားရာ ရောက်ပေသည်။
ထိုကြောင့် ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ (နအဖ)ထံသို့ အထက်ပါ သံဃာတော် (၃)ပါးအား၎င်းသံဃာတော်တို့ သီတင်းသုံးရာ ကျောင်းထိုင်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရန်နှင့် သံဃာထုတစ်ရပ်လုံးအားဝန်ချတောင်းပန်ရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။
(နအဖ)စစ်အုပ်စု အနေဖြင့် သာသနာနှင့်သာသနာတော်စောင့်ရှောက်ကာကွယ်နေသူ သံဃာတော်များပါမက မြတ်စွာဘုရား၏ အဆုံးအမများကိုယုံကြည်လက်ခံကျင့်သုံးကိုးကွယ်နေသူ ဒါယကာ - ဒါယကာမ အပေါင်းအား စော်ကားလိုက်သည်ကို မျက်ဝါးထင်ထင် တြေွ့မင်ကြရပြီဖြစ်သည်။
ထိုကြောင့် အထက်ပါ တောင်းဆိုချက်အား (နအဖ)စစ်အုပ်စုမှ တုန့်ပြန်ဖြည့်စီးမှု မပြုပါက သံဃာထု တစ်ရပ်လုံးနှင့်အတူ ဒါယကာ-ဒါယကာမများပူးပေါင်းကာ သာသနာတော်ကို ညှိးနွမ်းပျောက်ကွယ်စေရန် ဆောင်ရွက်နေကြသည့် စစ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား၊ ကျနော်တို့Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ မြတ်စွာဘုရားသားတော်များဖြစ်ကြသော သံဃာများနှင့်ပြည်သူလူထုတစ်ရပ်လုံးဖြင့်ပူးပေါင်းကာ ၂၀၀၉ခုနှစ်အတွင်း (နအဖ)စစ်မိစ္ဆာများအား ပစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။

“ငါတို့လူငယ် ညီအစ်ကိုမောင်နှမများနှင့်အတူ ဗုဒ္ဓမြတ်စွာသာသနာတော်ကိုအသက်ပေး၍ ကာကွယ်ကြစို့”

Wednesday, September 2, 2009

သတင်း ပေါက်ကြားမှုများကြောင့် ဝန်ကြီးဌာနများကို ရှောင်တခင်စစ်ဆေး

နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံက သတင်းတွေ နိုင်ငံခြား မီဒီယာတွေကိုမကြာခဏ ပေါက်ကြားနေတဲ့အတွက် ဒုတိယ ဝန်ကြီးအဆင့် ခေါင်းဆောင်တဲ့စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဝန်ကြီးဌာနတွေကို စစ်ဆေးဖို့ နေပြည်တော်ဝန်ကြီးချုပ်ရုံးက အရေးပေါ် ညွှန်ကြားထားပါတယ်။

သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ကနေ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေ၊ ကွန်ပျူတာ ကွန်ရက်စနစ်တွေနဲ့ကွန်ပျူတာလုပ်ငန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရမယ်လို့ညွှန်ကြားထားတဲ့အကြောင်း ညွှန်ကြားချက်ဖတ်ရသူတွေက ပြောပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့(၁)မှာ ဆက်သွယ်ရေး ဒုတိယဝန်ကြီးဗိုလ်ချုပ်သိန်းထွန်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပြီး အဖွဲ့ (၂) ကိုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်စိုးနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်မှာ ဖြစ်ပါတယ်။အဖွဲ့(၃)ကိုတော့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင် ဦးအောင်မြင့်နဲ့ ကျွမ်းကျင်သူတွေကဦးဆောင်မှာ ဖြစ်ပါတယ်။

အဆိုပါ သတင်းပေါက်ကြားမှု စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ဟာ သြဂုတ်လ ၁၉ ရက်ကစပြီးနေပြည်တော် ဝန်ကြီးဌာနပေါင်းစုံက ကွန်ပျူတာတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
သတင်းပေါက်ကြားမှု စစ်ဆေးရေးကို အထောက်အကူဖြစ်ဖို့အတွက် သင်္ချာဘာသာနဲ့ကွန်ပျူတာပညာမှာ ထူးချွန်တဲ့ မေမြို့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်စီမံကိန်းကြီးတခုရဲ့ အကြီးအကဲ ဗိုလ်ချုပ်စိန်ဝင်းကိုပါနေပြည်တော်ကို အရေးပေါ် ခေါ်ထားပါတယ်။ ဗိုလ်ချုပ်စိန်ဝင်းဟာနေပြည်တော်ဝန်ကြီးဌာနတချို့ရဲ့ကွန်ပျူတာကွန်ရက်တွေထဲကို Hacker ခေါ်ပြင်ပက ကွန်ပျူတာပညာရှင်တွေ ထိုးဖောက် ဝင်ရောက်မကြည့်နိုင်ဖို့ကာကွယ်ပေးမှာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

နေပြည်တော် ဝန်ကြီးဌာနတွေရဲ့ သတင်းပေါက်ကြားမှုကို ခုလိုလိုက်လံဖော်ထုတ်ဖို့ ကြိုးစားနေပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းတွေပေါက်ကြားတာကိုတောင် စစ်အစိုးရအနေနဲ့ တားဆီးနိုင်စွမ်း မရှိဖြစ်နေတယ်လို့နေပြည်တော် ဝန်ထမ်းတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းက ကွန်ပျူတာကိုင်တဲ့ဝန်ထမ်းတွေကို ထောက်လှမ်းစုံစမ်းနေပြီး စိတ်မချရင် တာဝန်မပေးဖို့ ဆိုပြီးညွှန်ကြားထားပါတယ်။ ဒါပြင် စက်မှု(၁) ဝန်ကြီးဌာနရဲ့ လျှို့ဝှက် စာရင်းအင်းကိန်းဂဏန်း အချက်လက်တွေကို ကွန်ပျူတာ၊ အင်တာနက်၊ ဖက်စ်တွေနဲ့ ပို့ခွင့်
ပိတ်ပင်လိုက်ပြီး Messenger ခေါ် လူနဲ့လွှတ် ပို့ရမယ်လို့ပါအမိန့်ထုတ်ထားပါတယ်။
freemyanmar.googlegroups.com မှ သတင်းရရှိပါသည်။

Tuesday, September 1, 2009